ကျွန်းလှ  ၂၅ ဇွန်   


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ ရေချိုးတောင်အနီး တောင်သူ(၁၁)ဦး စိုက်ပျိုးထားသော မိုးအစေ့ထုတ်ပြောင်းဧက ၁၇၀ ကို ဖောငမြှောင်တောင်ပိုးကျရောက်မှု ရှိ/မရှိ ဇွန် ၂၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောင်းစိုက်တောင်သူများနှင့်တွေ့ဆုံပြီး ဖောငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်းအကြောင်း၊ ငမြှောင်ပိုးကာကွယ်ရန် နည်းလမ်းများ၊ အသုံးပြုသင့်သည့် ပိုးသတ်ဆေးအကြောင်း၊ ဆေးဖျန်းပုံနည်းစနစ်နှင့် ကိုင်တွယ်သုံးစွဲနည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


မျိုးဝင်းညို (ကျွန်းလှ)