ရေး    ၂၅  ဇွန်    


မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာများတွင် ဧပြီလ၊ မေလ၊ ဇွန်လအတွက် ထောက်ပံ့ငွေများ အဘိုးအဘွားလက်ထံသို့ ပေးအပ်ခဲ့ကြသည်။


အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်ပြီး အဘိုးအဘွားတစ်ဦးစီ ထောက်ပံ့ငွေ (၃) လစာ (၃၀ဝ၀ဝ) ကျပ် ပေးအပ်ခဲ့သည်။ ရေးမြို့နယ် အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား(၉၃၅) ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ်(၂၈၀၅၀ဝ၀ဝ) ကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN