ရွှေကူ ၂၆ ဇွန်
ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဇွန် ၂၅ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားလူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ရွှေကူမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၅ ရက်ညနေ ၄ နာရီခန့်က ရွှေကူမြို့၊ နန့်လှန်ကျေးရွာနေ မိုးဆန်းဦး(၂၄ နှစ်)သည် ကျေးရွာအနီးရှိ လယ်ကွင်းတွင် ပျိုးကြဲနေစဉ် မိုးကြိုးပစ်ခတ်ခဲ့သဖြင့် လယ်ကွင်းအတွင်း လဲကျခဲ့၍ မယားညီအစ်ကိုတော်စပ်သူ မျိုးဇော်က နေအိမ်သို့ ထမ်းပိုးခေါ်ဆောင်လာပြီး နေအိမ်မှတစ်ဆင့် နာရေးကူညီမှုအသင်းမော်တော်ယာဉ်ဖြင့် ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးကြိုးပစ်ခံရသူ မိုးဆန်းဦး၏ လက်သည်းခွံများမှာ ခရမ်းရောင်ပြောင်းနေပြီး ယာဘက်မျက်ခွံတွင်လည်း ပွန်းခြစ်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိရကာ ရွှေကူမြို့မရဲစခန်းက သေမှုသေခင်း ရေးဖွင့်ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)