လွိုင်လင်  ၂၆  ဇွန်

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ ယနေ့သည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံနှင့်အဝှမ်းကျင်းပကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပကြောင်းသိရသည်။

အစီအစဉ်အရ ရှေးဦးစွာ လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲမြင့်အောင်၊ မူးယစ်တပ်ဖွဲ့စု(၂၇)မှ ဒုရဲမှူး အေးမင်းကျော်တို့က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်နှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ် သိကောင်းစရာများကို အသီးသီးဟောပြောကြာသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်  အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ ထက်/ လယ်/ မူ ဆင့် စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ရာ လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌများမှ ဆုချီးမြှင့်ပေးကြောင်း သိရသည်။

 

mdn

 

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဆုရရှိသည့် ပန်းချီ၊ စာစီစာကုံး၊ ဓာတ်ပုံ/နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ကြည့်ရှုလေ့လာကြသည်။ ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဝန်ထမ်းများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)