နေပြည်တော် ၂၆ ဇွန်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် Policy Alternative Research Institute (PARI) မှ အစီအစဉ်အထောက်အကူပြု ပါမောက္ခ Mr. Kensuke Yamaguchi နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးမှု ကွာဟမှုမရှိစေရေးအတွက် အကူအညီပေးလျက်ရှိသည့်ကိစ္စ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများ၏ Capacity Building တည်ဆောက်သွားနိုင်ရေးနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်၊ အဖွဲ့ဝင် ဦးသာအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


