ရန်ကုန် ၂၆ ဇွန်

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားရုံသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲမှ  ပြိုင်ပွဲဝင်ကစားသမား (၁၅၂)ဦး ယှဉ်ပြိုင်ကစားကြသည့် 25m. 22 Pistol အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ 10m Air Pistol အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ 10m Air Rifle အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်။


 

[p'kl;


ယင်းနောက်  ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ မသန်စွမ်း လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ်ပြီး အားကစားသမားများ၏ စားရိပ်သာ၊ နားနေခန်း၊ လေ့ကျင်ရေးအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။


 

=-


ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ  မြန်မာ့သိုင်း သင်တန်းကျောင်း ဣဒ္ဓိမာန်အောင် သင်တန်းခန်းမသစ်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်