နေပြည်တော် ၂၆ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြစ်တရာသစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၃၂) တောင်လိန်းကျောက်ညှပ်ချောင်းဖျား၌ တောဆင်ထီးတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းအရ ဇွန် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၁၂ နှစ်ခန့်၊ အမြင့် ၅ ပေ၊ လုံးပတ် ၈ ပေ၊ ၁ လက်မ၊ အစွယ် ၄ လက်မခန့်(သစ်ခွံထိုးစွယ်)ရှိ ဆင်ထီး ၁ ကောင်အား ဝမ်းဗိုက်ဖောရောင်နေပြီး ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မီးရှို့ဖျက်ဆီးရန် သစ်တောဦးစီးဌာနသို့ အကြောင်းကြားထားရှိကြောင်းနှင့် ဆီး/ဝမ်းချုပ် ရောဂါဖြင့် သေဆုံးသည်ဟု ယူဆရကြောင်း သိရသည်။
MDN


