နေပြည်တော်  ၂၆ ဇွန်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ထောင်ရေးအတွက် နှစ်ဖက်တာဝန်ရှိသူများအကြား ဆောလျင်စွာ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ အထူးသဖြင့် ဆန်၊ ပြောင်း၊ သကြားနှင့် ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်