ပုဇွန်တောင် ၂၇ ဇွန်
ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဇွန် ၂၇ ရက် နံနက် ၁၁ နာရီ က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အ.ထ.က(၁) ရှိ ကျောင်းစာကြည့်တိုက်သို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းစာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များ စနစ်တကျ စာရင်းသွင်းရန်၊ ပျောက်ဆုံးပျက်စီးမှု နည်းပါးစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးကို ပုဇွန်တောင်မြို့နယ် ပြန်/ဆက် စာကြည့်တိုက်မှူး ဒေါ်ခင်မေဝင်းက ကျောင်းစာကြည့်တိုက် တာဝန်ခံများနှင့် ဆွေးနွေးပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များ ပေးအပ်ထောက်ပံ့ရာ အ.ထ.က(၁)၊ ပုဇွန်တောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ကိုဘုန်း (ပြန်ဆက်)


