ရန်ကုန် ၂၇ ဇွန်

    
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက အလုံမြို့နယ်၊ သစ်တောရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
    

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အုန်း၊ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကိုတင်မောင်ဦး (အလုံ)