နေပြည်တော် ၂၇ ဇွန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အောင်ဆန်းမြို့၌ ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေး စီမံချက်အတွက် ဂျပန်ယန်း ၂ ဒသမ ၇၂၆ ဘီလီယံ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးမြင့်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်