ဓနုဖြူ ၂၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ ဇွန် ၂၆ ညနေ ၃ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ပြုလုပ်ခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ကျောင်းသား ကျောင်းသူလေးများအား အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဆက်လက်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးမကဲများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများမှ ကျွန်းပင် (၁၀ဝ) ပင်၊ မဟော်ဂနီပင် (၁၅၀) ပင်၊ မန်ဂျန်ရှား (၁၅၀) ပင်၊ ယူကလစ်ပင် (၁၀ဝ) ပင် စုစုပေါင်း ( ၅၀ဝ) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


