၂၇ ဇွန်
မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ အသက် ၂၉ နှစ်အရွယ် ကျောင်းသားလည်းဖြစ် ခရီးသွားလမ်းညွှန်လည်းဖြစ်တဲ့ အဲလက် ဆစ်လေ အတွက် စိုးရိမ်နေကြောင်း ဒီကနေ့ (ကြာသပတေးနေ့)မှာ ထုတ်ဖော်ပြောကြားပါတယ်။
ပြုံယမ်းမှာ ပညာသင်ကြားခွင့်ရရှိနေသော လက်တစ်ဆုပ်စာ အနောက်နိုင်ငံသား ကျောင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ကိုရီးယားစကား ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ အဲလက် ဟာ လွန်ခဲ့တဲ့ သုံးရက်ကစပြီး ဖမ်းဆီးခံနေတယ်လို့ ယူဆရပါတယ်။

အဲလက် ဆစ်လေဟာ အန်ဂလို သြစတေးလျ ဖခင်နဲ့ တရုတ်မိခင်တို့ကနေ မွေးဖွားသူဖြစ်ပြီး မြောက်ကိုရီးယားမှာ ကိုရီးယားဘာသာစကားဘာသာရပ်ကို ဘွဲ့လွန်ပညာတက်ရောက် မသင်ယူခင် ရှန်ဟိုင်းနဲ့ တောင်ကိုရီးယားရှိ တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့သူဖြစ်ပါတယ်။
အဲလက်ဟာ ကင်ဂျုံဆွန်းတက္ကသိုလ်မှာ ၂၀၁၈ ခုနှစ်ကစပြီး ပညာသင်ယူနေရင်း မြောက်ကိုရီးယားခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုလည်း ထူထောင်လုပ်ကိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျပန်အမျိုးသမီးနဲ့ ပြုံယမ်းမှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ အဲလက်ဟာ ပြုံးယမ်းရဲ့ နေ့စဉ်ဘဝတွေကို blog မှာ ရေးသားသလို ဆောင်းပါးတွေ ရေးသားလေ့ရှိသူဖြစ်ပါတယ်။
သြစတေးလျ နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ် မရှိတဲ့အတွက် ဆွီဒင်နိုင်ငံ သံရုံးကနေတဆင့် ပြုံယမ်းကို ဆက်သွယ်နေရကြောင်း သိရပါတယ်။ ဆစ်လေ ပျောက်ဆုံးကြောင်း သတင်းဟာ သြစတြေးလျား ဝန်ကြီးချုပ်နဲ့ အမေရိကန် သမ္မတတို့ G20 ကျင်းပရာ ဂျပန်နိုင်ငံ အိုဆာကာ မြို့မှာ မတွေ့ဆုံခင် နာရီအနည်းငယ်အလိုမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ထရန့်က အိုဆာကာ ကနေ တောင်ကိုရီးယားကို ခရီးဆက်မှာဖြစ်ပြီး အမေရိကန် - မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ ပြန်လည်လုပ်ဆောင်မယ်လို့ ကောလဟလတွေလည်း ထွက်ပေါ်နေပါတယ်။
MDN
ကိုးကား - AFP