နေပြည်တော် ၂၇ ဇွန် 

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန် ၂၃ ရက်မှ ၂၆ ရက်အထိ တရားမဝင်သစ်များ ဖမ်းဆီးလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တေဇစက္ကီဘုန်းကြီး ကျောင်းတိုက်အနီး၊ ရဲစခန်းရှေ့မြောက်ဘက် (၅)ဖာလုံခန့်အကွာတွင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ထောက်ကြံ့ခွဲသား (၂ ဒသမ ၉၇၈၆)တန်၊ ဇောင်းပလွေး/ ဖလံ/ယင်းမာမျော (၁၀)လုံး၊ ပြစ်မှုကျူးလွန်သူ (၃)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ဆည်မြောင်းလမ်းအတွင်း (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား ဆိုဒ်စုံ၊ (၁ ဒသမ ၆၃၁၈)တန်၊ ပြစ်မှုကျူးလွန်သူ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ အိုးဘိုရွာ၏ နောက်ဘက် (၄)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း “နန်းဝင်းသူ” အမည်ပါ ဦးချွန်သံခွံ မော်တော်ရေယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/သစ်ယာခွဲသား၊ (၃ ဒသမ ၂၄၂၂)တန်၊ ကျူးလွန်သူ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မကျီးပင်ရွာ မြောက်ဘက်တွင် တရားမဝင် ကျွန်း/၃ပေအောက်ကျွန်းသစ်၊ (၉ ဒသမ ၂၃၈၀)တန်နှင့်အတူ ဆက်စပ်ပစ္စည်း (၅)မျိုး ဗန်းမောက်မြို့နယ်၊ ခေါင်းကိုက်ကျေးရွာ အရှေ့တောင်ဘက် (၂)မိုင်နှင့် (၃)မိုင်အကွာ နေရာများမှ တရားမဝင်ကျွန်းသစ်/ခွဲသား (၂၂ ဒသမ ၇၃၁၆)တန်နှင့် တရားမဝင် သစ်စက်(၁)လုံး ကလေးဝမြို့နယ်၊ ဂုံဂါးရွာတောင်ဘက်နှင့် သင်္ဃန်းချောင်းဘေးနေရာတို့မှ တရားမဝင် အင်ခွဲသား၊ (၉ ဒသမ ၂၉၉၄)တန် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈/၅)နေရာ၌ (Hiace ခဲရောင်)ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၁ ဒသမ ၈၈၁၈)တန် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၇x၅၈ လမ်းကြား၊ မဉ္ဇူလမ်းနှင့် ချယ်ရီလမ်းကြား၊ လားရှိုးလမ်းသွယ်ပေါ်တွင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်း/ပိတောက် (၂ ဒသမ ၈၆၂၀)တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 


မောင်လူမော်
 

piuy