မင်းတပ် ၂၈ ဇွန်    

 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် တရားဉပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီတွင် ဉပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ်ဉပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် ဦးဟရန်အုပ်နွမ်က ဉပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များနှင့် တရားဉပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ချင်းပြည်နယ်တရားလွှတ်တော်တရားရေးဦးစီးမှူး ကိုယ်စားမင်းတပ်ခရိုင် တရားသူကြီး ဦးဌေးအောင်၊ ချင်းပြည်နယ် ဉပဒေအရာရှိကိုယ်စား ရုံးအဖွဲ့မှူး ဦးဇော်မျိုးအောင်၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးကိုယ်စား မင်းတပ်ခရိုင် ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး ရဲလွင်ဦး၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်စား မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးလွင်တို့က အမှာစကား အသီးသီးပြောကြားကြသည်။

 

အဆိုပါ ဉပဒေအသိပညာပေးဟောပြောပွဲတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၁၀ဝ ခန့်တက်ရောက်ကြကြောင်း သိရသည်။

 

ခွီရှိန်း (ခရိုင်ပြန်/ဆက်)