ကျောင်းကုန်း ၂၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမတွင် တိရစ္ဆာန်အသက်ကယ်ကုန်းနှင့် အဆောက်အဦ လက်တွေ့အသုံးချနည်းသင်တန်းကို ယနေ့နံနက် ၈နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် International. Fund. For Animal. Welfare(I F A W) တိရစ္ဆာန်ကူညီမှုအသင်းမှ Mrs. Jernifer (Project. Offfiicer U S A) က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို နန်းဖူးဝေက ဘာသာပြန်ပေးခဲ့ပြီး၊ မွေးမြူရေးနှင့် ကုသရေးဒုတိယတိုင်းဦးစီးမှူး ဒေါက်တာအောင်ကျော်ဇောက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ကြည်မြင့်က သင်တန်းမှသင်ကြားသည်များကို ဂရုတစိုက် လေ့လာမှတ်သားရန် ပြောကြားခဲ့ပြီး၊ (I F A W) မြန်မာပြည်ကိုယ်စားလှယ် ဦးဌေးအောင် က အသက်ကယ်ကုန်း တည်ဆောက်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
သင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တိရစ္ဆာန် အသက်ကယ်ကုန်းနှင့် အဆောက်အဦကို အကျိုးရှိရှိ စည်းစနစ်ကျကျအသုံးပြုပြီး တိရစ္ဆာန် အသက်ကယ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါသင်တန်းသို့ ပုသိမ်ခရိုင်(၇)မြို့နယ်မှ ဒုတိယဦးစီးမှူးများ၊ ကျာင်းကုန်း၊ သာပေါင်း၊ ရေကြည်မြို့များမှ တစ်မြို့နယ်လျှင်(၆)ဦးစီဖြင့် စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ နှစ်ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


