၂၈ ဇွန်
ဂျိုကို ဝီဒိုဒို ၏ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ရန် အတည်ပြုခဲ့သော ဧပြီလက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ လိမ်လည်စွပ်စွဲမှုကို အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက ပလပ်လိုက်သည်။
ဂျိုကို သည် ရွေးကောက်ပွဲတွင် အငြိမ်းစားတပ်မတော်ဗိုလ်ချုပ် ပရာဗိုဝို ကို ၁၀ မှတ်အသာဖြင့် အနိုင်ရရှိခဲ့သည်။ ပရာဗို သည် ရွေးကောက်ပွဲကော်မရှင် က မဲရေတွက်မှုကို ကြိုးကိုင်ခြယ်လှယ်ခြင်းအပါအဝင် စနစ်တကျ လိမ်လည်သည် ဟုဆိုကာ တရားရုံးတွင် အယူခံဝင်ခဲ့သည်။
ပရာဗိုဝိုသည် ထိုစွပ်စွဲချက် ကို သက်သေတင်ပြနိုင်ခြင်း မရှိဟု ယမန်နေ့က ထိုတရားရုံး က ပြောကြားခဲ့သည်။
ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက နောက်ဆုံးစီရင်ချက်ချခဲ့ ရာ ထိုတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပရာဗိုဝို ကဆိုသည်။
ပရာဗိုဝို ကို ထောက်ခံသူများက တရားရုံးဝန်းကျင်တွင် ငြိမ်းချမ်းစွာဆန္ဒပြရန် ယမန်နေ့က စုဝေးခဲ့ကြသည်။
ပြီးခဲ့သည့်မေလက ဂျကာတာတွင် ရဲတပ်ဖွဲ့နှင့် မဲရလဒ် ကန့်ကွက်ဆန္ဒပြသည့် နိုင်ငံသားများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် လူကိုးဦး သေဆုံးခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို