မင်းတပ် ၂၈  ဇွန်    

 

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ မြို့မဘောလုံးကွင်းတွင် ဈေးရောင်းပွဲတော်ကို ဇွန် ၂၈ ရက်မှ စတင်၍ ဇူလိုင် ၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဈေးရောင်းပွဲတော်တွင် အဝတ်အထည်မျိုးစုံ၊ ကစားစရာအရုပ်များ၊ အိမ်သုံးပရိဘောဂပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ မုန့်အမျိုးမျိုးနှင့် အားကစားပစ္စည်းမျိုးစုံတို့ကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

 “ကျွန်တော်ကတော့ အထည်မျိုးစုံလာရောင်းတာပါ၊ ရန်ကုန်ကပါ၊ ဈေးနှုန်းအသင့်အတင့်နဲ့ ရောင်းပါတယ်၊ မင်းတပ်ဈေးရောင်းပွဲတော်ကို ရောက်လာတာ ဒါပထမဆုံးအကြိမ်ပါ၊’’ ဟု ရန်ကုန်မှ အထည်လာရောင်းသူ ကိုထွန်းထွန်းက ပြောသည်။ အဆိုပါ ဈေးရောင်းပွဲတော်ကို ငါးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွီရှိန်း (ခရိုင်ပြန်/ဆက်)