မင်းဘူး ၂၈ ဇွန် 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ(၅၄)၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

 

မင်းဘူးခရိုင်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ မြို့နယ်များအတွင်းရှိ ကျေးရွာ(၅၄)ရွာ၌  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၅၄၀ဝ၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁၅၂၂ ဒဿမ ၁၀၂ သိန်းဖြင့် လမ်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်း (၃၈)ခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း(၁၁)ခု၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း တစ်ခု၊ ဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းသုံးခု၊ စာကြည့်တိုက် ဆောက်လုပ်ခြင်း တစ်ခု၊ စုစုပေါင်း လုပ်ငန်း (၅၄)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၏ ပြောပြချက်အရ သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို မင်းဘူးခရိုင်အတွင်း ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် စလင်း၊ ငဖဲ၊ မြို့နယ် (၂)မြို့နယ် အတွင်းရှိ ကျေးရွာ(၆)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၆)ခုအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၆၀ဝ၊ ပြည်သူထည့်ဝင်ငွေကျပ် ၆၀ ဒသမ ၃ သိန်း၊ စုစုပေါင်း ငွေကျပ် ၆၆၀ ဒသမ ၃ သိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။  

 

စိုးမိုးကျော်

 

1 (1).pn