လှိုင်းဘွဲ ၂၉ ဇွန်
၂၀၁၉ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လှိုင်ဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၉)ဦးနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၂၁)ဦး စုစုပေါင်း(၃၀)ဦးတို့သည် အမျိုးသမီးဘဝလုံခြုံရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/သူများအား ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


