ဂျေရုဆလင် ၂၉ ဇွန် 

 

အစ္စရေးသမ္မတနှင့် ဝန်ကြီးချုပ်တို့သည် အမေရိကန် အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် ဇွန် ၂၇ ရက်က ကျင်းပသော အမေရိကန်နှင့် အစ္စရေးအကြား ဆက်ဆံရေးဆိုင်ရာ ပူးတွဲညီလာခံတစ်ရပ်သို့ တက်ရောက်ခဲ့ကြသည်။

 

ဆက်ဆံရေးဆိုင်ရာဆွေးနွေး

 

ရာနှင့်ချီသော အမေရိကန်နှင့် အစ္စရေးအရာရှိ များသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြရန် ဂျေရုဆလင်မြို့ရှိ ရှေးဟောင်း သုတေသနဆိုင်ရာ ဥယျာဉ်တစ်ခုဖြစ်သည့် ဒေးဗစ်ဆန် ဗဟိုဌာန၌ စုရုံးခဲ့ကြသည်။

 

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဖရိုက်မန်းနှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျာဆန်ဂရင်းဘလတ်တို့သည် အဆိုပါညီလာခံ၌ ဟောပြောဆွေးနွေးသူများထဲတွင် ပါဝင်ကြပြီး နှစ်ဦးစလုံးက အစ္စရေးနိုင်ငံအပေါ် ထောက်ခံ အားပေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

 

အောင်မြင်မှုများထုတ်ဖော်

 

အမေရိကန်နှင့် အစ္စရေးအရာရှိများသည် အဆိုပါ ဆွေးနွေးပွဲအတောအတွင်း ၁၉၄၈ ခုနှစ်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တစ်လျှောက်လုံးတွင်ရရှိခဲ့သည့် အဓိကအောင်မြင် ဖြစ်ထွန်းမှုများကို အလေးထား ထုတ်ဖော်ပြောကြားခဲ့ကြ ကြောင်း သိရသည်။

 

တွေ့ဆုံပွဲအတောအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားရာတွင် ဤနေရာတွင် အစ္စရေးနိုင်ငံသာမရှိခဲ့ပါက အရှေ့အလယ်ပိုင်းဒေသသည် ပြိုကွဲသွားမည်ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံသည် စစ်ပွဲ ဆင်နွှဲရာတွင် အစ္စရေးကိုယ်စား စစ်တိုက်ပေးရန် အမေရိကန်မြေပြင်တပ်ဖွဲ့ကို တောင်းဆိုမည် မဟုတ် ကြောင်း အလေးထားပြောကြားခဲ့သည်။

 

ထုတ်ဖော်ပြောကြား

 

တစ်ဆက်တည်းမှာပင် နေတန်ယာဟုက အီရန်၏နျူကလီးယားဆိုင်ရာ ရည်ရွယ်ချက်များနှင့် အကြမ်းဖက် လုပ်ရပ်များအား ထောက်ခံခြင်းမှတစ်ဆင့် အစ္စရေးနိုင်ငံ အပေါ် အီရန်၏ ရန်လိုမှုများနှင့်ပတ်သက်၍ စိုးရိမ်မိပါ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

ဆင်ဟွာ