တပ်ကုန်း ၂၉   ဇွန်          

 

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ ထုတ်ယူနိုင်ရေးအတွက်  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး အောင်နှင့်အဖွဲ့သည်  ဇွန် ၂၉ ရက် နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဇေယျသုခဓမ္မာရုံတွင် လာရောက်ထုတ်ပေးခဲ့သည်။

 

တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း( ၁၅၉၂ )ဦးရှိပြီး၊ တက္ကသိုလ်ဝင်အောင်လက်မှတ်များကို (၂၉.၆.၁၉) မှ (၃၀.၆.၁၉) ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုးလွင်