တာချီလိတ် ၂၉ ဇွန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် ပြည်သူများပူပေါင်း၍ ရပ်ကွက်များတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ အမှိုက်ကောက်ခြင်း ပြုလုပ်လျက်ရှိရာ ယနေ့နက်ပိုင်းက ရွှေတိဂုံစေတီတော် ဘုရားရင်ပြင်နှင့် အတက်လမ်းဝဲဘက်ရှိ ချုံနွယ် ပိတ်ပေါင်းများနှင့် စွန့်ပစ်အမှိုက်များအား ရှင်းလင်းခဲ့ကြသည်။

တာချီလိတ်မြို့ သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်ကောက်ခြင်းသည် ပညာပေးကာလ ပထမ (သုံးလပတ်) ကျော်လွန်လာပြီး ဒုတိယ (သုံးလပတ်) ထဲသို့ရောက်ရှိလာပြီဖြစ်သည်။ ပြည်သူများအနေဖြင့် အမှိုက်များကို စည်းကမ်းမဲ့ မစွန့်ပစ်ကြရန်နှင့် စနစ်တကျ စွန့်ပစ်တတ်ကြရန် ပညာပေးကာလ ကျော်လွန်လာပြီဖြစ်သည့် အလျောက် တချို့ရပ်ကွက်များတွင် စနစ်တကျ စွန့်ပစ်တတ်လာကြသည်ကို တွေ့ရှိရသော်လည်း တချို့သောရပ်ကွက်များတွင် လိုအပ်ချက်များစွာရှိနေသေးသည်ကို တွေ့ရှိနေရကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

 

mdn