ပူတာအို ၂၉ ဇွန်   

          
ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဟိုခိုရပ်ကွက်တွင် ငွေနှင်းမှို၊ မှိုအက္ကနှင့် နို့စိမ်းမှိုများ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်ကြောင်း မှိုစိုက်ပျိုးသူ ကိုထွန်းကျော်ထံမှ သိရသည်။
          

မှိုများ စမ်းသပ်စိုက်ပျိုးဖြစ်သွားရခြင်း အကြောင်းကို "ပူတာအိုမြို့မှာက မြစ်ကြီးနားက သယ်ယူလာတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုပဲ အဓိကအားကိုးနေရတာလေ။ ဒီမှာလဲ အဲဒီလိုမှို အမျိုးအစားစိုက်ရင်ဖြစ်ထွန်းနိုင်မှာပဲဆိုပြီး ပထမအကြိမ်အနေနဲ့ စိုက်ပျိုးကြည့်လိုက်တာပါ။ ဒီမှာကုန်ကြမ်းတွေကလည်း ရှိတယ် ခက်တာက ဆားခါးနဲ့မျိုးပဲ အောက်ပိုင်းကမှာနေရတာ။ နောက်နောင်ဆို မှိုမျိုးကိုလည်း ဒီမှာပဲဖောက်သွားမယ်။ စိုက်ပျိုးချင်တဲ့ ဒေသခံတွေကိုလည်း ရောင်းချဖြန့်ဝေပေးသွားဖို့ စီစဉ်ထားပါတယ်" ဟု ကိုထွန်းကျော်က ပြောသည်။

 

mdn


          

ယင်းမှိုများသည် အလွန်အေးသော ရာသီဥတုနှင့် မကိုက်ညီသော်လည်း ပူတာအိုဒေသတွင် ဖြစ်ထွန်း လျက်ရှိရာ စိုက်ပျိုးရန်ဝါသနာပါသော ဒေသခံများအတွက် သတင်းကောင်းဖြစ်ကြောင်း၊ တစ်ကြိမ်စိုက်ပျိုးထားလျှင် ခြောက်လလောက်အထိ ထားနိုင်ပြီး (၁၅) ရက် တစ်ကြိမ် ခူးဆွတ်နိုင်သောကြောင့် မိုးများသော ပူတာအိုဒေသအတွက် အိမ်နေရင်း ဝင်ငွေရရှိစေသော အလုပ်ဖြစ်သည်။
         

မှိုစိုက်ပျိုးရာတွင် ကုန်ကြမ်းများအနေဖြင့် လွှစာမှုန့်၊ ဆားခါး၊ ဖွဲနုနှင့် ထုံးများသာ လိုအပ်ကြောင်း သိရသည်။ 

 

ဆန်းညွှန့်(ပူတာအို)