မိုင်းရယ် ၂၉ ဇွန်
မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာရှိ ယောသပ်အားကစားကွင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီက မန်ကောင်းကျေးရွာ ယောသပ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောသပ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မန်ကောင်းကျေးရွာ ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး " ယောသပ်အားကစားကွင်း " ဆိုင်းဘုတ်အား အမွှေးနံ့သာ ပက်ဖျန်းခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအား လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောသပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က အမှာစကားပြောကြားခြင်း၊ ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန ခရိုင်အား/ကာမှူးက အားကစားပစ္စည်းများပေးအပ်ခြင်း၊ လွယ်ငင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အခမ်းအနားဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသော မြို့နယ်ထွေ/အုပ် ဦးစီးဌာန၊ မြို့နယ် လယ်/စီ/အင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဘောလုံးကွင်း ဆိုင်းဘုတ်အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ကျေးရွာအုပ်စု ကိုယ်စား ရွာသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားခြင်း၊ ကပြဖျော်ဖြေပေးသော လားဟူတိုင်းရင်းသားအဖွဲ့၊ ရှမ်းတိုင်းရင်းသားအဖွဲ့၊ ကျောင်းသား၊ ကျောင်းသူ အေရိုးဗစ်အဖွဲ့တို့အား လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောသပ်မှ ဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဝင် အားကစားသမားများအား လက်ဆွဲနှုတ်ဆက်ခြင်း၊ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ပထမ ရရှိသည့် လားဟူတိုင်းရင်းသားအသင်းအား လားဟူတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးယောသပ် မှလည်းကောင်း၊ ဒုတိယဆု ရရှိသည့် ရှမ်းလူငယ် အသင်းအား မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းလွင်မှလည်းကောင်း ဒိုင်းဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
မိုင်းရယ်ပြန်/ဆက်


