ဝမ်းတွင်း ၃၀ ဇွန်
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျေးရွာနေပြည်သူများအား မှုခင်း မဖြစ်ပွားစေရေးအတွက် မှုခင်းအသိပညာပေး ဟောပြောခြင်းကို ဇွန် ၂၉ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ ပဲခင်းကျော်ကျေးရွာအုပ်စု၊ တမာကုန်းကျေးရွာရှိ ရွာလည်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ သိရသည်။
မှုခင်းအသိပညာပေးဟောပြောရာတွင် ဝမ်းတွင်းမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဝင်းမှ မှုခင်းမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် သက်ငယ်မုဒိန်းမဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခဲ့ကြပြီး မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မှုခင်းအသိပညာပေး ဟောပြောခြင်းသို့ ဝမ်းတွင်းမြို့နယ် ပဲခင်းကျော်ကျေးရွာအုပ်စု တမာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသား အင်အား ၅၀ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘိုဘို(မလှိုင်)


