တောင်သာ ၃၀ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်းနှင့် တောင်သာလူငယ်များ ပူးပေါင်း၍ တောင်နီအေး(တောင်နီတာ)တောင်ပေါ်၌ အရိပ်ရအပင်(၃၀ဝ၀)ကို ယနေ့ နံနက်(၇)နာရီခွဲက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်းနှင့် တောင်သာလူငယ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၂၀ဝ ခန့် ပူးပေါင်း၍ တောင်နီအေးတောင်ပေါ်တွင် ဒေသပေါက်အပင်များဖြစ်သည့် တမာပင်၊ ကုက္ကိုပင်၊ မန်ကျည်းပင်၊ ထနောင်းပင် စုစုပေါင်း(၃၀ဝ၀)ကို တပျော်တပါးဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)


