ဆိပ်ဖြူ ၃၀ ဇွန်
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ် တွင် ရာသီဥတုပြောင်းလဲမှု အသိပညာပေးနှင့် စွန်ပြစ်အမှိုက် ဆိုင်ရာသင်တန်းသားများသည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်လမ်းများမှ ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက် ကောက်သိမ်းခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းနှင့် Clean Myanmar တို့ ဦးဆောင်မှု Clean Seik Phyu ၊မြို့နယ်ပညာရေး ၊လမ်းပြကြယ် လူမှုဖွံ့ဖြိုးရေး အဖွဲ့ တို့ပူပေါင်းပါဝင်မှု ဝေါဗွီးရှင်း(မြန်မာ) ဆိပ်ဖြူမြို့နယ်ရုံး နှင့် လမ်းပြကြယ် လူမှုဖွံ့ဖြိုးရေး အဖွဲ့တို့ ပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ၎င်း သင်တန်းမှ နည်းပြ ဆရာများ ၊ သင်တန်းသား /သင်တန်းသူ ဆရာ/ ဆရာမများ ၊မြို့နယ်ကြ်ခြေနီအသင်းခွဲမှတာဝန်ရှိသူများ ၊ ဝေါဗွီးရှင်း(မြန်မာ) ဆိပ်ဖြူမြို့နယ်ရုံး မှ ဝန်ထမ်းများ နှင့် လမ်းပြကြယ် လူမှုဖွံ့ဖြိုးရေး အဖွဲ့တို့ ပူးပေါင်း၍ ဆိပ်ဖြူ အထက ကျောင်းရှေ့ အနော်ရထာလမ်း ၊ သစ္စလမ်း ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းတို့ရှိ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးစေသည့် ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ ကောက်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


