ရမည်းသင်း ၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်း ၂ /၂၀၁၉ သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းမှ ဒေသဖွံဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့ကို စဉ်ဆက်မပြတ် ဥပဒေနှင့်အညီ ဆောင်ရွက်ရေး ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦးတို့မှ သင်ခန်းစာများကို အလေးထားလိုက်နာကာ ပြည်သူ့အကျိုး၊ ရပ်ရွာအကျိုး စွမ်းဆောင်ခြင်းဖြင့် အဂဓိတရားကင်းစွာ ရပ်ရွာဖွံဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံ ကျိုးစားလုပ်ကိုင်ပြီး မြို့နယ်ဖွံဖြိုးတိုးတက်ရေး အားလုံးလက်တွဲညီ ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြေကြားသည်။
ရမည်းသင်းမြို့နယ်အတွင်း ဒုတိယအကြိမ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စွမ်းဆောင်ဆောင်ရည် မြှင့်မားရေး သင်တန်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့နယ် ဥပဒေအရာရှိ၊ ခရိုင်သာသနာရေးမှူး၊မြို့နယ် ဆည်မြောင်းဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံကိန်းဦးစီးမှူး ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင့် အဖွဲ့ခွဲ ဦးစီးအရာရှိ၊မြို့နယ် လျပ်စစ် ဓာတ်အားဖြန့်ဖြူးရေးကော်ပရေးရှင်း ဦးစီးမှူး၊အမှတ်(၉၇)ယာဉ်ထိန်းတပ်စုမှူးနှင့် ရမည်းသင်းမြို့ စိန်လသာ စီးပွာရေးသင်တန်းကျောင်း တာဝန်ခံတို့မှ (၅)ရက်၊နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)


