အောင်လံ ၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၏ အရှေ့ဘက်(၆)မိုင်အကွာ ရေပေါ်ကျေးရွာ အနောက်ဘက်တွင်ရှိသော ရေကျော်တံတားအား ပြုပြင်လျှက်ရှိနေစဉ် မိုးများစွာရွာသွန်းမှုကြောင့် ရေဝပ်ကာ တံတား၏ လက်ဝဲဘက်နှင့် လက်ယာဘက်တို့ရှိ လမ်းလွှဲများပျက်စီးပြီး ဇွန်လ(၃၀)ရက်နေ့မှစတင်၍ သွားလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


