မုံရွာ ၁ ဇူလိုင်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်(၃)ခုနှင့် မြို့နယ်ခွဲ(၄)ခုတွင် မိုးစပါးဧက ၂၄၇၉၀ စိုက်ပျိုးသွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့နယ်အတွင်း (၄၉၇၇) ဧက၊ မိုပိုင်းလွတ်မြို့နယ်ခွဲအတွင်း (၅၂၀)ဧက၊ လဟယ်မြို့နယ်အတွင်း (၅၆၆၁)ဧက၊ ထန်ပါခွေမြို့နယ်ခွဲအတွင်း (၁၄၉၉)ဧက၊ နန်းယွန်းမြို့နယ်အတွင်း (၂၄၇၆)ဧက၊ ဒုံဟီးမြို့နယ်ခွဲအတွင်း (၄၆၅၀)ဧက၊ ပန်ဆောင်မြို့နယ်အတွင်း (၅၀ဝ၇)ဧကကို စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက် ရာသီတွင် ဧက (၂၄၅၁၅) ဧကကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် (၂၅၁၁၈) ဧကကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ မိုးစပါးစိုက်ရာသီတွင် (၂၇၈၄၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုဘဏ္ဍာ နှစ်တွင်လည်း လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


