နေပြည်တော်  ၁   ဇူလိုင် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ကိုရီးယားနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.LeeYounSoo နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မုံရွာဆိပ်ကမ်းနှင့် ကုန်းတွင်းဆိပ် တည်ဆောက်ရေးဆိုင်ရာ လေ့လာမှုများဆောင်ရွက်နိုင်ရေး၊ ရထားပို့ဆောင်ရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအားသင်ကြားလေ့ကျင့်ပေးရေး အစီအစဉ်များအပြင် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများကို နှစ်ဘက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)