နေပြည်တော်  ၁  ဇူလိုင်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရှင်သန်ခိုင်မာစေရေး အတွက် အစိုးရချင်း၊ ပြည်သူချင်း၊ စီးပွားရေးလုပ်ငန်းများအချင်းချင်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး၊ နယ်စပ်ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးနှင့့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင်ရေး၊ ဒေသတွင်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစွာ ပေါင်းစည်းပါဝင်နိုင်ရေးတို့ အပါအဝင်  နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)