သံတောင် ၂ ဇူလိုင်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သံတာင်မြို့ရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွား (၂၂)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။
ထိုသို့ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သံတောင်မြို့အတွင်းရှိ ရပ်ကွက်(၄)ခုမှ အသက်(၈၅)နှစ်အထက် အဘိုး (၉)ဦး၊ အဘွား (၁၃)ဦး စုစုပေါင်း (၂၂)ဦးအတွက် တစ်ဦးလျှင် တစ်လတစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လ သုံးလစာအတွက် အဘိုး၊ အဘွား (၂၂) ဦးကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
MDN


