မိတ္ထီလာ ၂ ဇူလိုင်
မိတ္ထီလာမြို့နယ်၌ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် သပြေဝပင်မဓာတ်အားခွဲရုံတွင် 33KV Switch Bay တစ်စုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မိတ္ထီလာမြို့ သပြေဝပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် ၃၃ ကေဗွီ သပြေဝ-ဝန်ဇင်း ဓာတ်အားလိုင်းသည် ဝန်အားပြည့်နေသည့်အတွက် မိတ္ထီလာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် သပြေဝပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ ဓာတ်အားလိုင်းအသစ်ဖြင့် ဝန်အားမျှ ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် သပြေဝပင်မဓာတ်အားခွဲရုံတွင် 33 KV Switch Bay တစ်စုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို Zeya Associates Co;Ltd မှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ)က ပြောသည်။
အဆိုပါ 33 KV Switch Bay တစ်စုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဝန်ဇင်း၊ အောင်ဆန်း၊ ပေါက်ချောက်၊ နန်းတော်ကုန်း၊ မြို့မ၊ ဈေးအရှေ့ပြင်၊ ချည်စက်၊ မြို့မ၊ ရတနာမာရ်အောင်၊ အောင်ဇေယျာ၊ ပြည်သာယာမြောက်၊ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ ပြည်သာယာတောင်ရပ်ကွပ် (၁၄)ခုနှင့် မြို့နယ်အတွင်းရှိ လျှပ်စစ်မီးရရှိသည့် ကျေးရွာများတွင် လျှပ်စစ်ပြတ်တောက်မှု လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


