၂ ဇူလိုင် 

တရုတ်နိုင်ငံဆီ ဟောင်ကောင်လွဲပြောင်းပေးခြင်း (၂၂) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလုပ်ဆောင်ရာ ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်ကို ဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တုတ်နဲ့ ရိုက်သလို၊ ငရုတ်ရည်နဲ့ ပက်ခြင်းနဲ့ ရော်ဘာကျည်တွေ အသုံးပြုပြီး ဖြိုခွဲခဲ့ပါတယ်။

 

mdn

 

ဆန္ဒပြသူတွေထဲ တချို့က ဟောင်ကောင်လွှတ်တော်အဝင်ရှိ မှန်တံခါးကို ဈေးတွန်းလှည်းနဲ့ တိုက်ခွဲခဲ့ရာ အဲဒီအဆောက်အအုံထဲရှိ ဓာတ်ငွေ့ကာကွယ်သော မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။

 

mdn

 

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အသက် ၈၀ အရွယ် ရီရွမ်းက ဆန္ဒပြနေတဲ့ လူငယ်တွေကို အပြစ်မတင်ဘူး။ အစိုးရကိုပဲ အပြစ်တင်တယ်။ ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ရော်ဘာကျည်အသုံးပြုတဲ့အတွက်  ဆန္ဒပြသူတွေရဲ့  ဒေါသဟာ ဟောင်ကောင်လွှတ်တော် အဆောက်အအုံမှာ ဆုံးသွားတယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်ကစပြီး တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်း နဲ့ပတ်သတ်ပြီး ဆန့်ကျင်ဆန္ဒပြနေခဲ့ရာ ဟောင်ကောင် စတော့ဈေးကွက်ဟာလည်း ကျဆင်းတာကို တွေ့ရပါတယ်။

 

mdn

 

ဟောင်ကောင်အုပ်ချုပ်ရေးမှူးက တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို အချိန်အကန့်အသတ်မရှိ ရွေ့ဆိုင်းခဲ့ပေမယ့် ဟောင်ကောင်သူဟောင်ကောင်သားတွေက ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းကို ရာထူးက နှုတ်ထွက်ပေးရန် ဆက်လက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လုံး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ 

ဟောင်ကောင်ကို လွန်ခဲ့တဲ့ (၂၂) နှစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ဗြိတိသျှလက်အောက်ကနေ တရုတ်ဆီကို လွှဲပြောင်းပေးခဲ့ရာ  ဟောင်ကောင်ဟာ  အုပ်ချုပ်ရေးစနစ် နှစ်ခုနဲ့ တစ်နိုင်ငံ ဖြစ်လာပါတယ်။

MDN
ကိုးကား - AFP

 

mdn