အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့တွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ယနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီက ခြံစည်းရိုးနံရံပြိုကျမှုဖြစ်ပွားခဲ့ပြီး  လူ ၁၃ ဦးသေဆုံးကာ အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံရံအပျက်အစီးများအောက်တွင် ဆိုးရွားစွာပိတ်မိနေသည့် လူ ၃ ဦးမှ ၅ ဦးအထိရှိကြောင်း မွမ်ဘိုင်း မြူနီစီပယ် ကော်ပိုရေးရှင်း သဘာဝဘေး စီမံခန့်ခွဲမှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့သည်။

မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့နှင့်အတူ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ယခုကဲ့သို့ နံရံပြိုကျမှုမှာ အိန္ဒိယနိုင်ငံတွင် လေးရက်အတွင်း ဒုတိယမြောက်ဖြစ်ရပ်ဖြစ်သည်။

မွန်ဘိုင်းမြို့ အရှေ့တောင်ဘက် ၁၆၂ကီလိုမီတာတွင်ရှိသည့် ကျူးကျော်ရပ်ကွက်တွင် စနေ့နေ့က မြို့ရိုး ပြိုကျမှု ဖြစ်ပွားပြီး ၁၅ဦး သေဆုံးခဲ့သည်။ 

မွမ်ဘိုင်းမြို့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများ ရေဖုံးလွှမ်းပြီး အများပြည်သူသွားလာရေးအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

mdn