သံတောင်ကြီး ၂ ဇူလိုင် 


ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်လုံးကျွတ် အသက်(၅)နှစ်အောက် ကလေးများ ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း  မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်တို့က အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သံတောင်ကြီးမြို့နယ်တွင် ပိုလီယိုရောဂါကာကွယ်ဆေးကို ဇူလိုင်(၇)ရက်မှ (၁၅)ရက်အတွင်း တိုက်ကျွေးမည်ဟု သတ်မှတ်ခဲ့ကြပြီး ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်ရန်အတွက် ဆွေးနွေခဲ့ကြသည်။ သံတောင်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၇၈)အုပ်စု၊ ကျေးရွာပေါင်း (၃၄၀)ကျော်ရှိပြီး ကျန်းမားရေးဝန်ထမ်းများ လုံလောက်မှုမရှိခြင်း၊ မိုးတွင်းကာလဖြစ်သောကြောင့် သွားလာရေးခက်ခဲခြင်းများကြောင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှ ကူညီဆောင်ရွက်ပေးရန်  (Jhpigo Myanmar) NGO အသင်းအဖွဲ့မှ ဆေးများသယ်ဆောင်ရာတွင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ် (ပြန်/ဆက်)