ကျောက်ဆည် ၂ ဇူလိုင်


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အတွင်းရှိ ဇော်ဂျီဆည်နှင့် ဇီတောဆည်အတွင်းသို့ ယနေ့နံနက် ၇ နာရီခွဲက မြန်မာအမျိုးသမီများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငါးမျိုးစိတ် (၂)သိန်း စိုက်ထည့်ခဲ့ကြောင်း သိရှိရသည်။


ငါးမျိုးစိတ်ထည့်ပွဲသို့ ခရိုင်အမျိုးသမီးကော်တီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးချမ်းသာနှင့် ကော်မတီဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ ဒေါ်ခိုင်ခိုင်ဝင်းနှင့်  ကူမဲ ငါးသားပေါက်စခန်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဇော်ဂျီဆည်အတွင်းသို့ ငါးမြစ်ချင်းသားပေါက် အကောင် (၁)သိန်းနှင့် ဇီတောဆည်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁)သိန်းတို့အား စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်း သိရှိရသည်။


သက်မောင် (ခရိုင် ပြန်/ဆက်)