တောင်ကြီး  ၂ ဇူလိုင်  

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ရက်ကန်းပုံမှန်သင်တန်းများ ဖွင့်ပွဲ/ဆင်းပွဲနှင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းစက်ချုပ်နည်းပညာသင်တန်းခန်းမ၌  ကျင်းပခဲ့သည်။

 

6

 

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

အခြေခံစက်ချုပ်သင်တန်း ထူးခွန်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အခြေခံစက်ချုပ်သင်တန်းတွင် ပထမရရှိသော မသီရိအောင်အား အပ်ချုပ်စက်တစ်လုံး ကိုလည်းကောင်း၊ ရှမ်းပြည်နယ် ရသုံးမှန်ချေငွေစာရင်းဌာန ဦးနိုင်နိုင်ဝင်းက အခြေခံစက်ချုပ်သင်တန်းတွင် ဒုတိယရရှိသောမထက်ထက်ခိုင်အား အပ်ချုပ်စက်တစ်လုံးကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဦးသန်းအောင်က အခြေခံစက်ချုပ်သင်တန်းတွင်တတိယရရှိသောဦးအောင်အားအပ်ချုပ်စက် တစ်လုံးကိုလည်းကောင်းအသီးသီးချီးမြှင့်ခဲ့ကြပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ကျောင်းအုပ် ဆရာမကြီးက သင်တန်းသားအားလုံးအတွက် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများ၏ကိုယ်စားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၂၅ ဦးတက်ရောက် သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ ဇွန် ၃ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)