တီးတိန် ၂ ဇူလိုင်

 

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ဒေသထွက်ပန်းသီးများ ယခုနှစ်တွင် အရွယ်အစားသေးငယ်လာကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။ 

 

တီးတိန်မြို့နယ်တွင် ပန်းသီးသည် ဒေသထွက် စိုက်ပျိုးသီးနှံတစ်ခုဖြစ်သည်။ ယခုအချိန်ထွက်ရှိသော ပန်းသီးသည် အိုင်ဝါအမျိုးအစားဖြစ်ပြီး တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်ဈေးနှုန်းရရှိသည်။ တောင်သူများအဓိက စိုက်ပျိုးသော ပန်းသီးအမျိုးအစားများမှာ အိုင်ဝါ၊ ကမ်းနန်၊ အော်သီး (Audi)၊ အိုယိုကီနှင့် ကုန်ဒေါင်းတို့ဖြစ်သည်။

 

တီးတိန်တွင် ပန်းသီးပင်များသည် ကင်ကာ (Canker) ခေါ် လေမှတစ်ဆင့်ကူးသော ရောဂါကြောင့်လည်းကောင်း၊ ပန်းသီးသည် တစ်နှစ်လျှင် ၁၀ ဒီဂရီစင်တီဂရိတ် အောက် အအေးဓာတ်ရှိသည့် အခြေအနေတွင် နာရီပေါင်း ၇၀ဝ ခန့် လိုအပ်သည်။ ယခုအခါ ရာသီဉတု ပူနွေးလာပြီး ၁၀ ဒီဂရီစင်တီဂရိတ်အောက် အအေးဓာတ် နာရီပေါင်း ၃၀ဝ-၄၀ဝ ခန့်သာ ရရှိခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ မိုးရွာသွန်းမှု နောက်ကျခြင်းကြောင့် လည်းကောင်း ပန်းသီးစိုက်ပျိုးဧက လျော့နည်းပြီး ယခင်နှစ်ကထက်  အလုံးသေးသွားကြောင်း သိရသည်။

 

MDN