ဆင်ပေါင်ဝဲ ၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက သက်ငယ်မုဒိန်းနှင့်ပတ်သက်သော အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် တက်ရောက်လာသော မူလတန်းကျောင်းသူလေးများနှင့် မိဘများအား အခြေခံပညာ အထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အုပ်ထိန်းသူမိဘများ သတိပြုရန် အချက်များနှင့် ကလေးငယ်များ သတိပြုရန် အချက်များကို အသိပညာပေး ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုကျော်က သက်ငယ်မုဒိမ်းမှု ပိုမိုဖြစ်ပွားရခြင်း အခြေခံ အကြောင်းအရင်းများအားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
နေခြည်(ဆင်ပေါင်ဝဲ)


