လှည်းကူး ၃ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၆ နာရီခွဲက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သင်းသင်းစိုးက သက်ကြီးရွယ်အို ဘိုဘွားများအား ကျန်းမာကြံ့ခိုင်သန်မာစေရန်ရွယ်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်ကြီးရွယ်အို စောင့်ရှောက်ရေး အစီအစဉ်တစ်ရပ်အဖြစ် fitness dance ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အို အဘိုးအဘွား (၅၇) ဦးဖြင့် ကိုယ်လက်လေ့ကျင့်ခန်းများကို အတူတကွ စုပေါင်းလုပ်ဆောင်ခဲ့ကြာင်း သိရသည်။
နိုင်လင်း(လှည်းကူး)


