၃ ဇူလိုင်
မြန်မာနိုင်ငံသည် ILO ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးနောက် အဓမ္မခိုင်းစေမှုဆိုင်ရာပြဌာန်းချက်များ ကိုလိုက်နာကျင့်သုံးချိန်မှစ၍ ILO နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀ဝ၇ ခုနှစ်တွင် တိုင်ကြားမှု ယန္တရားထူထောင်ပြီး အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints Mechanism –NCM) ထူထောင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ ယန္တရားထူထောင်ဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားသော အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group- HLWG)မှကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဓမ္မ ခိုင်းစေမှုတိုင်ကြားချက်များကို အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် email လိပ်စာများသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ဝ၆၇-၃၄၃၀၁၈၄၊ ဝ၆၇-၃၄၃၀၂၂၉၊ ဝ၆၇-၃၄၃၀၂၇၄
[email protected] , [email protected] , [email protected]
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန


