မန္တလေး ၃ ဇူလိုင်


မြန်မာနိုင်ငံတွင် ဓာတ်လိုက်ဓာတ် သေဆုံးမှု အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်နေကြောင်း မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

1

 


၂၀၁၈ခုနှစ် တစ်နှစ်လုံးတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဓာတ်လိုက်မှု ၄၆မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၁ ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။ ယခု ၂၀၁၉ ခုနှစ် မေလအတွင်းတွင်းလည်း ဓာတ်လိုက်မှုကြောင့် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။

 

1

 


“လျှပ်စစ်သုံးစွဲမှုက သုံးစွဲသူ ဦးရေနှင့် သုံးစွဲတဲ့ပမာဏ ပိုများလာပြီး လျှပ်စစ်အန္တရာယ်က ပိုများလာတယ်။ ဒါကိုလျှော့ချဖို့ အဓိက အသိပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုလာတယ်။ မြို့နယ်အလိုက် ပညာပေးမှုတွေ၊ ဟောပြောပွဲတွေလဲ လုပ်ပေးနေပါတယ်။ အများစုကတော့ ထိခိုက်သေဆုံးမှုက များပါတယ်" ဟု မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာများမှတစ်ဆင့် အသိပညာများ ပျံ့နှံ့နိုင်စေရန် ရည်ရွယ်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များအလိုက် လျှပ်စစ်အန္တရာယ် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း အဆိုပါကော်ပိုရေးရှင်းမှ သိရသည်။


လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှု အများဆုံးမှာ အိမ်တွင်းသုံးလျှပ်စစ် ပစ္စည်းများကြောင့် အများဆုံးဖြစ်ပြီး စုစုပေါင်း လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


၂၀၁၆ ခုနှစ်က တစ်နိုင်ငံလုံးအနေဖြင့် မြန်မာနိုင်ငံ၌ ဓာတ်လိုက်မှု အကြိမ်ရေပေါင်း ၂၁၁ ကြိမ်ထိရှိပြီး စုစုပေါင်း ၁၈၆ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့ပါသည်။  ၂၀၁၇ ခုနှစ်တွင် ဓာတ်လိုက်မှု အကြိမ်ရေပေါင်း ၁၉၉ ကြိမ်၊ သေဆုံးသူ ၁၇၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၃ ဦး ရှိခဲ့ကြောင်း အဆိုပါကော်ပိုရေးရှင်းမှ သိရသည်။


သူရိန်လင်း