မြိတ် ၃ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာ ဆင်ဝင်ရပ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အမျိုးသမီးရေးရာအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် စုပေါင်းစိုက်ပျိုးမည့် ပျိုးပင်များကို သစ်တော်ဦးစီးဌာနမှ သစ်ပင် စိုက်ပျိုးပွဲ တက်ရောက်သူများအား ပေးအပ်ခဲ့သည်။ ပျိုးပင်များမှာ ပျဉ်းကတိုး၊ သင်္ကန်း၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား ပျိုးပင်တို့ဖြစ်ပြီး တစ်မျိုးလျှင် (၆၅)ပင်စီ စုစုပေါင်း(၃၂၅)ပင်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သစ်ပင်စိုက်ပျိုးပွဲကို မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်အေးအေးချိုနှင့် ခရိုင်/မြို့နယ်/ကျေးရွာ အမျိုသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျေးရွာသူ/သားများ၊ ဆရာ/မများ နှင့် ကျောင်းသား/သူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


