နေပြည်တော် ၃ ဇူလိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် Moon Engineering Joint Venture Co., Ltd တို့၏ Radio Frequency Identification(RFID) စနစ် အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့် Moon Engineering Joint Venture Co., Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် Moon Engineering Joint Venture Co., Ltd မှ Chairman Mr. Hun-II MOON တို့က အမှာစကားပြောကြားကြပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးနှင့် Moon Engineering Joint Venture Co., Ltd မှ Executive Director Mr. In-Jin KIM တို့က Radio Frequency Identification(RFID) စနစ် အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။
စာချုပ်လက်မှတ်ရေးထိုးပြီးနောက်တွင် RFID စနစ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်နိုင်ချေလေ့လာမှုဆန်းစစ်ခြင်း (Feasibility Study) လုပ်ငန်းများ၊ Developer ခေါ်ယူရေး တင်ဒါလုပ်ငန်းများ သတ်မှတ်အချိန်ဇယားအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းဝန်းကျင်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


