ရန်ကုန် ၄ ဇူလိိုင်
အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာ ဆေးသုတေသနအသင်းကြီး (မြန်မာနိုင်ငံ အသင်းခွဲ)၏ လှုပ်ရှားမှုတစ်ရပ်အဖြစ် “ရွှန်းစိုတောက်ပ အနာဂတ်ဘဝ သုတေသန ကိုအားပေးကြ” (Towards The Gorgeous Future, Reinforce The Research Culture) ခေါင်းစဉ်ဖြင့် သုတေသန ပိုစတာပြပွဲ ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန် “မျိုး” ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စာတမ်းရှင် ၂၂ ဦးတို့က သုတေသနစာတမ်းများ၊ တင်သွင်းပြသကြပြီး ပထမဆုနှင့် ဒုတိယဆုရရှိသော စာတမ်းရှင်များအား ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာရွှေတိုးက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်မျိုး


