ဖောင်းပြင် ၄ ဇူလိုင်

 

ဖောင်းပြင်မြို့နယ် နန်းပန်ကျေးရွာရှိ လယ်မဲ့ယာမဲ့ပြည်သူများအား လယ်ယာမြေများ ပေးအပ်ခြင်းကို ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ကျေးရွာအရောက်ကွင်းဆင်းပြီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါလယ်ယာမြေများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၇၀)သန်းဖြင့် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်တွင် မြေလွတ်မြေရိုင်းများအား ကသာခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနက ကြီးကြပ်၍ လယ်ယာမြေအဖြစ်ဧက (၁၀ဝ)ကို နန်းပန်ကျေးရွာ တဝက်ချောင်း အနောက်တောင်ဘက်တွင် ဆန်းတက်ကုမ္ပဏီက တာဝန်ယူဖော်ထုတ်ပေးခဲ့ကြောင်း၊ နန်းပန်ကျေးရွာအတွင်းရှိ လယ်မဲ့ယာမဲ့ပြည်သူ(၅၀)အား တစ်ဦးလျှင် (၂)ဧကနှုန်းကို မဲစနစ်ဖြင့် ခွဲဝေပေးခဲ့ပြီး မိုးရာသီချိန်အမီ စိုက်ပျိုးနိုင်အောင် ထုတ်ဖော်ပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။

 

အလားတူ ဒေသခံပြည်သူများအတွက် တိုင်းဒေသကြီး အစိုးရရန်ပုံငွေ ကျပ်(၁၃၄၈)သိန်းဖြင့် မြေလွတ်မြေရိုင်း ဧက(၂၀ဝ)ကို ဖောင်းပြင်မြို့နယ် မားသီးကျေးရွာအုပ်စု၊ အင်းကွေ့ကျေးရွာအနီးတွင် ဖော်ထုတ်လျက်ရှိပြီး (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဖောင်းပြင်(ပြန်/ဆက်)

 

e image-0