နေပြည်တော် ၄ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Daniel Patrick Chugg နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာန ၊မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု ၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ်အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုများမှ တားဆီးကာကွယ် တုံ့ပြန်ရေးဆိုင်ရာကိစ္စ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြောင်း သိရသည်။
သတင်းစဉ်


